Loading...

Job-Matching Hackathon ပြိုင်ပွဲ

28 August 2026
Moe Hnin Wai

Job-matching Hackathon လျှောက်လွှာဖွင့်ပါပြီ စတင်လျှောက်ထားနိုင်ပါပြီ
လျှောက်လွှာပုံစံ- https://forms.gle/YMjdbiKfrp3m6JNT8
IT ကဏ္ဍဖြင့် အသက်မွေးဝမ်းကြောင်းပြုရန် ကြိုးစားနေသော မြန်မာလူငယ်များအတွက် သင်၏အရည်အချင်းများကို ပြသနိုင်မည့် 🌐 Job-matching Hackathon ပြိုင်ပွဲလျှောက်လွှာများ ယနေ့မှစ၍ စတင် လက်ခံနေပြီဖြစ်ကြောင်း ဝမ်းမြောက်စွာကြေညာလိုပါတယ်။
မြန်မာ-ဂျပန် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ (MJC) မှ စီစဉ်ပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆာင်ရွက်ရေးအေဂျင်စီ (JICA) မှ ပံ့ပိုးပေးသော ဤပွဲတွင်ပါ၀င်ပြီး အောက်ပါအခွင့်အရေးများကို ရယူလိုက်ပါ။
✔️ ပြိုင်ပွဲမှတဆင့် သင်၏ Web Application development ဆိုင်ရာစွမ်းရည်များကို မြန်မာနိုင်ငံရှိ ပြည်တွင်းနှင့် နိုင်ငံတကာ ထိပ်တန်း IT ကုမ္ပဏီ ၁၅ ခုကျော်ကိုလည်း ချပြနိုင်မည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ အတွက် ချိတ်ဆက်နိုင်မည်ဖြစ်သည်။
✔️ လုပ်ငန်းခွင်ရှိစိန်ခေါ်မှုများကိုဖြေရှင်းရန် Web Application Prototype ပုံစံရေးဆွဲခြင်း၊ တည်ဆောက်ခြင်းကို အခြားသော ပြိုင်ပွဲ၀င် Programmer များနှင့် အတူ လက်တွေ့ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အတွေ့အကြုံသစ်များရယူနိုင်မည်။ 📈
✔️ ပုဂ္ဂလိကသင်တန်းကျောင်း (၃) ကျောင်း မှ ပညာသင်ဆုများလည်းရယူနိုင်မည့် အခွင့်အရေးလည်းရှိမည်။ 🏆
📆 ပြိုင်ပွဲကာလ - ၉ ရက် မှ ၁၆ ရက် ၊ ဒီဇင်ဘာလ ၂၀၂၃
📍 နေရာ - ရန်ကုန်
🕒 လျှောက်လွှာတင်ရန်နောက်ဆုံးအချိန် - ၂၇ ရက် ၊ အောက်တိုဘာလ ၂၀၂ ၃ (မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ် အထိ)
💰 ဝင်ကြေးအခမဲ့
🌟 ဘယ်သူတွေ လျှောက်ထားသင့်သလဲ 🌟
အကယ်၍ လက်ရှိသင်သည် အသက် ၂၅ နှစ်အောက် ၊ မြန်မာနိုင်ငံသူ/သား entry level programmer ဖြစ်ပြီး software engineer အဖြစ် လုပ်ငန်းအတွေ့အကြုံမရှိသေးသောသူ (သို့မဟုတ်) ဘွဲ့မရသေးသောသူဖြစ်ပြီး၊ software engineer တစ်ဦးအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်အားထက်သန်သောသူဖြစ်ပါက ဤပြိုင်ပွဲသည် သင့်အတွက်လက်လွှတ်မခံသင့်သော အခွင့်အရေးပင်ဖြစ်ပါသည်။
လျှောက်လွှာတင်ရန်အဆင်သင့်ဖြစ်ပြီလား 🚀
အထက်ပါအချက်များနှင့်ကိုက်ညီမှုရှိပြီး ပြိုင်ပွဲတွင်ပါ၀င်ရန် စိတ်၀င်စားလျှင် အောက်ပါလင့်ခ်မှတဆင့်လျှောက်လွှာပုံစံ ကို ၀င်ရောက်လေ့လာပြီး လျှောက်လွှာဖြည့်ရန် လိုအပ်ချက်များ ကို ၀င်ရောက်လေ့လာနိုင်ပါသည်။
https://forms.gle/YMjdbiKfrp3m6JNT8
ဤပွဲအတွက် အရည်အချင်းသတ်မှတ်ချက်များ နှင့် လျှောက်လွှာတင်ရန်လုပ်ငန်းစဉ်များအကြောင်း အသေးစိတ်အချက်အလက်များအား သိရှိလိုပါက အောက်ပါ Link မှတဆင့် “Call for Application” ကို ဖတ်ရှုပါ။
https://drive.google.com/.../10PIvrDo4D23sYJ.../view...
သင့်အနေဖြင့် လျှောက်လွှာဖြည့်ခြင်း၊ တင်ခြင်း ၊ လျှောက်လွှာဖြည့်ရန်လိုအပ်ချက်များ နှင့် ပတ်သက်ပြီး မရှင်းလင်းသောအချက်များရှိပါက မေးမြန်းနိုင်ရန် ယခုလာမည့် ၂၃ ရက်နေ့ စက်တင်ဘာလ ၂၀၂၃ (စနေနေ့) ညနေ ၆ နာရီ (မြန်မာစံတော်ချိန်)တွင် Information Sharing session ကို online မှ ပြုလုပ်ပေးမည်ဖြစ်သည်။ Information Sharing session အတွက် ဤနေရာတွင် စာရင်းသွင်းပါ။
https://zoom.us/webinar/register/WN_Yu3FxdHDTraZ4gvdwkryuQ
သင့်အနာဂတ် ကို ထုဆစ်ပုံဖော်ပေးနိုင်မည့် ဤပွဲတွင်ပါ၀င်ရန် အခွင့်အရေးကို လက်လွှတ်မခံပါနှင့်။ အသေးစိတ်စုံစမ်းရန်: JICA_Myanmar_PSD@jica.go.jp

သတင်းများ

အနာဂတ်မှာ လေယာဥ်ပျံနဲ့တူတဲ့ကားတွေကို အီလွန်မက်စ် ထုတ်နိုင်မလား update

အနာဂတ်မှာ လေယာဥ်ပျံနဲ့တူတဲ့ကားတွေကို အီလွန်မက်စ် ထုတ်နိုင်မလား။ ဒီလိုကားမျိုးတွေသာ ထုတ်နိုင်ခဲ့ရင် မြန်မာနိုင်ငံအတွက်တော့ အဆင်ပြေဆုံးပါပဲ။ လက်ရှိ နည်းပညာလောကမှာ လျှပ်စစ်ကား (EV) များနှင့် အာကာသနည်းပညာများကို ဦးဆောင်နေသည့...

10 September 2026 ဆက်လက်ဖတ်ရှုရန်
Scholarship Program Update📣
Scholarship Program Update📣

Happy New Year to you all! 🎉🎊 📣2022 နှစ်သစ်မှာ ACE Inspiration မှ CSR Program လေးတစ်ခုကိုစတင် ပြုလုပ်ပေးတော့မှာဖြစ်ပါတယ် ဒီ Program လေးကတော့ ……. ပညာကိုတကယ်လိုချင်ပြီး ကြိုးစားချင်စိတ်ရှိပေမဲ့ ငွေကြေးခက်ခဲနေတဲ့ကျောင်းသ...

30 August 2026 ဆက်လက်ဖတ်ရှုရန်
Mini MBA ကို 100% Scholarships ဖြင့် တက်ရောက်လိုသူများအတွက် update testing
Mini MBA ကို 100% Scholarships ဖြင့် တက်ရောက်လိုသူများအတွက် update tes...

Mini MBA တက်ရောက်ဖို့စိတ်ဝင်စားသူတွေအတွက် 100% Scholarships ပေးအပ်မည့်အစီအစဉ် Mini MBA ကို 100% Scholarships ဖြင့် တက်ရောက်လိုသူများအတွက် MIBA University မှ ကျင်းပသည့် "စာတမ်းပြိုင်ပွဲ"တွင် ပါဝင်ပြီး မိမိကြိုက်နှစ်သက်ရာ...

29 August 2026 ဆက်လက်ဖတ်ရှုရန်
Update Edit ✨𝙆𝙈𝘿 𝙄𝙉𝙎𝙏𝙄𝙏𝙐𝙏𝙀 ၏ 𝙄𝙏 ပညာရေးအခွင့်အလမ်း ဆွေးနွေးပွဲ✨
Update Edit ✨𝙆𝙈𝘿 𝙄𝙉𝙎𝙏𝙄𝙏𝙐𝙏𝙀 ၏ 𝙄𝙏 ပညာရေးအခွင့်အလမ်း ဆွေးနွေးပွဲ✨

👍မှန်ကန်သော ပညာရေး ခရီးလမ်းကို 🏢 𝑼𝑲 𝑰𝑻 𝑫𝒆𝒈𝒓𝒆𝒆 နင့် 𝑫𝒊𝒑𝒍𝒐𝒎𝒂 များရယူကာ ရွေးချယ်လျှောက်လှမ်းနိုင်ရန် စိတ်၀င်စားသော ကျောင်းသားကျောင်းသူများ၊ လူငယ်များနှင့် ကျောင်းသားမိဘများအား တက်ရောက် ဆွေးနွေးကြပါရန် နွေးထွေးစွာ ဖိတ်ကြားလ...

28 August 2026 ဆက်လက်ဖတ်ရှုရန်
IT Careers အတွက် လိုအပ်တဲ့ Modern Web Development Skills တွေကို အခမဲ့...

August 22 ရက်နေ့မှာ RMIT (Royal Myanmar International of Technology) ကနေ IT ကျောင်းသား/သူတွေနဲ့ IT လောကထဲကို ခြေလှမ်းသစ်လှမ်းချင်သူတွေအတွက် စီစဉ်ပေးထားတဲ့ Morden Web Development Free Classကြီး ကနေ ဘာတွေလေ့လာခွင့်ရမလဲဆို...

28 August 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ