Loading...

ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ

02 October 2026
Showroom Stg Test

ပြည်တွင်းကားဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။ ကားဝယ်သူအများစုက ဂျပန်တစ်ပတ်ရစ်ကားတွေထက် Brand New ကားအသစ်တွေကို ပိုမို ရွေးချယ်လာကြပါတယ်။
SKD ကားအများစုကလည်း ဘဏ်နဲ့ချိတ်ပြီး ဝယ်ယူလို့ရတဲ့အတွက် Brand New ကားတွေက အရောင်းအဝယ် ပိုဖြစ်နေပြီး ကားဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ များလာကာ ရင်းနှီးမြှုပ်နှံသူတွေကလည်း Brand New ကားတွေကိုပဲ အများဆုံး ဝယ်ယူရင်းနှီးမြှုပ်နှံကြတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြည်ပကနေ လောင်စာဆီကား တင်သွင်းတာကို ရပ်ထားဆဲဖြစ်ပြီး EV ကားတွေကိုသာ တင်သွင်းခွင့် ပြုထားပါတယ်။ ပြည်တွင်းမှာ တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့ SKD ကား ကုမ္ပဏီတွေမှာလည်း ထုတ်လုပ်မှုအရေအတွက် နည်းနေတယ်လို့ သိရပါတယ်။
ဒါကြောင့် ဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား အချိုးမမျှဖြစ်နေလို့ ကားဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတာဖြစ်တယ်လို့ ဝါရင့်ကားဈေးကွက်ကျွမ်းကျင်သူတစ်ယောက်က သုံးသပ်ပြောကြားပါတယ်။ ပြည်တွင်းစက်ရုံတွေက ဈေးကွက်ထဲမှာလိုအပ်တဲ့ ကားအရေအတွက်ကို တောက်လျှောက်ထုတ်ပေးနိုင်မယ် ဆိုရင်တော့ ကားဈေးတွေက အလိုလို ပြန်လည်ကျဆင်းသွားနိုင်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လတွေက လောင်စာဆီသုံး ကားတွေရော၊ EV ကားတွေပါ အရောင်းအဝယ်ကောင်းခဲ့ပြီး အခုရက်ပိုင်းမှာ တော့ အရောင်းအဝယ်ပုံမှန်သာ ရှိနေပါတယ်။ ကားဈေးကွက်ထဲမှာ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်အောက် ကားတွေ အရောင်းအဝယ် ပိုဖြစ်ပြီး ဒီရက်ပိုင်းမှာတော့ ကားအမျိုးအစားအပေါ် မူတည်ကာ တချို့ကားတွေဆိုရင် အမြင့်ဆုံး ဈေးရဲ့ ကျပ်သိန်း ၁၀၀ ကနေ ကျပ်သိန်း ၁၅၀ ဝန်းကျင်လောက် ပြန်လည်ကျဆင်းလာတယ်လို့ သိရပါတယ်။
Credit to One News Myanmar

သတင်းများ

ဖိလစ်ပိုင်သမ္မတများ အစဉ်အဆက် စီးနင်းခဲ့ကြသော တန်ဖိုးကြီး ရှားပါး  မော်တော်ကားများ အပိုင်း ၁
ဖိလစ်ပိုင်သမ္မတများ အစဉ်အဆက် စီးနင်းခဲ့ကြသော တန်ဖိုးကြီး ရှားပါး မော်...

သမ္မတတို့၏ မော်တော်ကားများသည် သယ်ယူပို့ဆောင်မှု တစ်ခုတည်းကိုသာ ထင်ဟပ် ပြသခြင်းမဟုတ်ပါဗျ။ ၎င်းတို့သည် နိုင်ငံခေါင်းဆောင်တို့၏ သြဇာအာဏာ၏ သင်္ကေတတစ်ခုလည်း ဖြစ်သည်။ “အများစုကတော့ သမ္မတစီးနင်းဖို့ မော်တော်ကားတွေကို အစ...

09 October 2026 ဆက်လက်ဖတ်ရှုရန်
အသစ်ဆက်ဆက် Changan Nevo Q06 ကို စတင်မိတ်ဆက်ပြီး ၂၄ နာရီအတွင်း အစင်းရေ ၃၅,၀၀၀ အမှာစာရရှိ😯😯
အသစ်ဆက်ဆက် Changan Nevo Q06 ကို စတင်မိတ်ဆက်ပြီး ၂၄ နာရီအတွင်း အစင်းရေ...

တရုတ်ပြည်တွင် Changan Nevo Q06 အလတ်စား crossover ကို စတင်မိတ်ဆက်ပြီး ၂၄ နာရီအတွင်း အစင်းရေ ၃၅၀၀၀ အမှာစာ ရရှိခဲ့သည်။ မော်တာ ၂ လုံး နောက်ယက်ဖြစ်ပြီး အထွက်အား 443 hp ရှိသည်။ ဈေးနှုန်းမှာ အနိမ့်ဆုံး ယွမ် ၁၃၉၉၀၀ (ဒေါ်လာ...

09 October 2026 ဆက်လက်ဖတ်ရှုရန်
Green Lantern ကဘာလို့အစိမ်းရောင်ဖြစ်နေရတာလဲ?
Green Lantern ကဘာလို့အစိမ်းရောင်ဖြစ်နေရတာလဲ?

• စိတ်ခံစားမှု ရောင်စဉ်တန်း (Emotional Spectrum): DC Comic လောကတွင် အစိမ်းရောင်သည် ဇွဲလုံ့လနှင့် စိတ်ဓာတ်ကြံ့ခိုင်မှု ကို ကိုယ်စားပြုပြီး စကြဝဠာထဲတွင် အတည်ငြိမ်ဆုံးနှင့် အမျှတဆုံး စွမ်းအင် ဖြစ်သည်။ • စွမ်းအားစွပ်ကွင်း (...

08 October 2026 ဆက်လက်ဖတ်ရှုရန်
နိုဘယ်ဆု အကြောင်း သိထားသင့်တဲ့ အချက် ၅ ချက်
နိုဘယ်ဆု အကြောင်း သိထားသင့်တဲ့ အချက် ၅ ချက်

၁၉၀၁ ခုနှစ်ကစပြီး နိုဘယ်ဆုတွေကို လူသားတွေအတွက် အရေးပါတဲ့ တိုးတက်မှုတွေ ဖြစ်ပေါ်လာအောင် အကျိုးပြုခဲ့တဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်လာခဲ့ပါတယ်။ ဒါဟာ နိုဘယ်ဆု ချီးမြှင့်မှုကို စတင်တည်ထောင်ခဲ့သူ၊ တီထွင်ပညာ...

08 October 2026 ဆက်လက်ဖတ်ရှုရန်
ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ
ပြည်တွင်းကားဈေးနှုန်းများ အမြင့်ပိုင်းတွင် ဆက်ရှိနေ

ပြည်တွင်းကားဈေးကွက်ထဲမှာ ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတဲ့ အခြေအနေတွေကြောင့် ဈေးနှုန်းတွေက အမြင့်ပိုင်းမှာပဲ ဆက်ရှိနေတယ်လို့ ကားဈေးကွက်အသိုင်းအဝိုင်းက သိရပါတယ်။ ကားဝယ်သူအများစုက ဂျပန်တစ်ပတ်ရစ်ကားတွေထက် Brand New ကားအသစ်တ...

02 October 2026 ဆက်လက်ဖတ်ရှုရန်
  • ပညာမျှဝေချင်သူများနှင့် ပညာရှာချင်သူများ၏ ဆုံစည်းရာနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ကျောင်း
  • စားသောက်ဆိုင်အချက်အလက်များနှင့် မြို့တွင်းအကောင်းဆုံးစျေးများကို
    ကြည့်ရှုနိုင်သည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ဆိုင်
  • နာမည်ကြီး Tour Agency များမှ ခရီးစဉ်သစ်များနှင့် ခရီးစဉ်ပက်ကေ့ဂျ်များ၏
    နောက်ဆုံးအပ်ဒိတ်များကို ရယူနိုင်မည့်နေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    ခရီး
  • အလုပ်ရှာဖွေလိုသူများနှင့် အလုပ်ကြေညာသူများကို ချိတ်ဆက်ပေးသောနေရာ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    JOB
  • အိမ်ခြံ‌မြေ ရောင်း၀ယ်ငှားရမ်းသူများနှင့် အခုပဲ ချိတ်ဆက်လိုက်ပါ

    အခမဲ့ App ကိုဒေါင်းလုဒ်ရယူပါ

    Google Play Apple Store AppGallery
    အိမ်ခြံမြေ